အရင်ကတည်းက openSUSE ကို ကိုင်နေရင်းကေနပြီးတော့ အခုနောက်ဆုံး 12.3 ကိုရောက်ရှိလာပြန်ပါပြီ။ အရင်တုန်းကလည်း review တွေ အနည်းငယ်ကြည့်ဖြစ်ပေမယ့် အခုတော့ တော်တော်လေးပြောင်းလဲလာတယ်လို့ကို ဆိုနိုင်ပါတယ်။ အဲဒီအချက်ထဲမှာ OpenSUSE က Microsoft ရဲ့ Linux တစ်ခုဖြစ်တယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။
ပထမဆုံးကေတာ့ boot screen ပြင်ဆင်မှုတွေဖြစ်ပါတယ်။ အများနဲ့မတူအောင် boot လုပ်ဖို့ကြိုးစားတဲ့နေရာမှာ သူက တော်တော်ကို ပြောင်းလဲသွားပါတယ်။ EFI Boot ကို ထောက်ပံ့ပေးလာသလို boot time ကော shutdown time ပါ မြန်လာတာကေတာ့သေချာပါတယ်။
အရင် bootsplash တွေက သာမန်ဖြစ်ပေမယ့် openSUSE 12.2 စထွက်ကတည်းက ပုံတွေပြာင်းလာပါတယ်။ ဒါပေမယ့် boot splash က အရင် ဗားရှင်းလောက်တော့ မလှပါဘူး။ ဒါပေမယ့် သူလည်း သူ့အတိုင်းအတာလောက်တော့ လှပါတယ်။
Login Screen က ပိုပြီးတော့ ချော့မွေ့လာပါတယ်။ အရင်လိုမျိုး ဆောင်းချည်းအောင့်ချည်းတက်လာတာမျိုးမဟုတ်တော့ပဲ tablet တို့ဘာတို့အတွက် အဆင်ေပြေအာင် ပြုလုပ်ပေးထားတဲ့ပုံမျိုးမှာရှိပါတယ်။
Gnome Screen ကို သုံးပြီးစမ်းသပ်တဲ့နေရာမှာတော့ တော်တော်လေးကို တိုးတက်လာပါတယ်။ ဒါပေမယ့် သေချာ မြင်သာတာကေတာ့ tablet ဘက်ကို ဦးတည်နေတယ်ဆိုတာကေတာ့ မြင်သာထင်သာ ရှိလွန်းလှပါတယ်။ တခြားနည်းလမ်းတွေနဲ့ မတူညီပဲ lock ဖြေတာတွေမှာ tablet oriented ပြုလုပ်ထားတာတွေကေတာ့ တော်တော်ကို ကောင်းပါတယ်။ ကီးဘုတ်ကိုလည်း onscreen အသုံးပြုနိုင်ပြီးတော့ application search ကိုလည်း favorite မှာ နောက်ထပ် tab တစ်ခုထပ်သွင်းပေးထားခြင်းကလည်း နည်းနည်းတော့ ထူးဆန်းပါတယ်။
Lock ဖြည်ချင်တယ်ဆိုရင်တော့လွယ်ပါတယ်။ panel ကို လက်နဲ့ အေပ်ါကို တွန်းတင်ပြီး Lock ဖြည်လိုက်လို့ရပါတယ်။ password ပေးထားတယ်ဆိုရင်တော့ အဲဒီ panel ကို တွန်းတင်လိုက်တာနဲ့ password တောင်းပါတယ်။ အဲဒီ password ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။
Hardware ပိုင်းကေတာ့ ပိုပြီးတော့ ထူးခြားလာပါတယ်။ သေချာတာကေတာ့ ARM v7 processor တွေပ်ါမှာ အလုပ်လုပ်ပြီဆိုပြီး Chrome book မှာ စတင်မောင်းနှင်ပြပါတယ်။ EFI boot က ပိုမိုမြန်ဆန်လာတဲ့အတွက် Windows 8 အစားထိုးဖြစ်အောင် Microsoft က တွန်းပို့နေတဲ့သေဘာမှာရှိပါတယ်။
ပိုပြီး stable ဖြစ်လာတယ်လို့ မြင်ပါတယ်။ အရင်လိုမျိုး panic ဖြစ်နေတာတွေ မရှိတော့ပါဘူး။ virtualization ကိုလည်း တိုက်ရိုက်ထောက်ပံ့ပေးတာတွေ ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ virtualization ကို မောင်းနှင်နိုင်ပါတယ်။
kernel version ကိုတော့ 2.8 ပဲသုံးထားတာကလည်း ထူးခြားပါတယ်။ အဲဒီအချိန်မှာ version အသစ်ထွက်နေပမယ့် အရင်လိုမျိုး stable ပျက်ယွင်းမှုကို လက်မခံတော့ပဲ ပို stable ဖြစ်တဲ့ version တစ်ဆင့်နိမ့်ကို အသုံးပြုထားပါတယ်။
အရင် version တွေ ၁ ခု ၂ ခု လောက်မှာကတည်းက openSUSE က tablet ကို စမ်းသပ်နေတာတော့ ရှိပါတယ်။ တနည်းအားဖြင့် Microsoft ကေပါ့။ metro interface မဟုတ်ပေမယ့် onscreen keyboard ထည့်ပေးထားတာကိုကလည်း တစ်နည်းတော့ ထူးဆန်းနေပါတယ်။
software compatibility မှာတော့ ပိုပြီးမြင့်မားလာပါတယ်။ ယခင် ဗားရှင်း 12.1 က software တွေကို ထည့်သွင်းလို့ရသလို ပိုပြီးတော့လည်း သုံးလို့ကောင်းလာပါတယ်။
ဆာဗာတွေအတွက်ကေတာ့ OpenSUSE က စိန်ခေါ်မှု တစ်ရပ်ဖြစ်နေဦးမှာပါ။ အခုထက်ထိ openSUSE က support တွေဖြုတ်လိုက်တဲ့အတွက် ယခင်ဗားရှင်းအေဟာင်းတွေမှာ update မဖြစ်တော့တဲ့ပြဿနာတွေ ရှိနေပါတယ်။ ပိုပြီးတော့ တိုက်ခိုက်ရမှာက Cpanel အပါအ၀င် များစွာသော Web Based Services တွေက openSUSE ကို အေထာက်အပံ့ ပေးခဲပါတယ်။ အဲဒီဟာတွေကို ကျော်လွှားနိုင်မှသာ super distro တစ်ခုသို့ ပြောင်းလဲရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။
Attribution: lwinmaungmaung