သူငယ်ချင်း
သတိရစွာ စာရေးလိုက်ပါတယ်။ ဘယ်လိုလဲ။ အေးဆေးပဲ မပာုတ်လား။
ငါတို့ လူငယ်တွေပာာ ရဲရင့်တယ်။ အရာရာကို စမ်းသပ်ကြည့်ချင်တယ်။ ယေဘုယျအားဖြင့်
စူးစမ်းချင်တဲ့စိတ်ဟာ ကောင်းပေမယ့် တစ်ခါတလေကျရင် ဒီစိတ်ကလည်း ငါတို့လူငယ်တွေကို
အန္တရာယ် ဖြစ်စေတတ်တယ်။
ပိုဆိုးတာက အဲဒီလိုစမ်းသပ်ချင်တဲ့ အရွယ်မှာ ငါတို့လက်ထဲမှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့
ကျန်းမားရေးနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရှိမနေတာပါဘဲ။ အထူးသဖြင့်
မျိုးဆက်ပွားကျန်းမာရေးနဲ့ သတင်းအချက်အလက်တွေပေါ့။
ကျောင်းကသူငယ်ချင်းတွေ (ဒါမှမပာုတ်) ရပ်ကွက်ထဲက ဆရာကြီးတွေ တော်ကီထုတာတွေကိုပဲ
ကြားနေရတာ၊ သူတို့ပွားတာ ပာုတ်လားမသိ၊ မပာုတ်လားမသိ။
မိဘတွေကိုလည်းမပြောရဲ၊ သိနားလည်တဲ့သူတွေနဲ့လည်း သွားပြီးမတိုင်ပင်ရဲ ဖြစ်နေရတဲ့ အခြေအနေမျိုးကိုး။
တကယ်လို့များ အန္တရာယ်ရှိတဲ့ အပြုအမူတစ်ခုခုကို လုပ်ခဲ့မိပြီဆိုရင်လည်း
ငါတို့မှာ ဘယ်သူ့ကို သွားတိုင်ပင်လို့ တိုင်ပင်ရမှန်းမသိဘူး။
တစ်ယောက်တည်းကျိတ်ပြီးသောကများနေရတတ်တယ်။
တစ်ချို့ကျတော့လည်း အဲဒီလို ကိစ္စတွေကို မေးဖို့ခက်ခဲနေတတ်တာကြောင့်
ကြားဖူးနားဝနဲ့ ထင်ရာမြင်ရာတွေ လုပ်မိပြီး အခြေအနေပိုဆိုးသွားတာ
ဒုက္ခရောက်သွားတာတွေလည်း ခဏခဏတွေ့နေရတယ်။
ဒါကြောင့် မင်းကိုငါသိထားတဲ့ အခမဲ့ ၀န်ဆောင်မှုလေးတစ်ခုအကြောင်းပြောပြချင်လို့
တကယ်လို့များ မင်းမှာလည်း ဒီလိုမျိုးအခက်အခဲတွေရှိနေတယ်ဆိုရင် ငါပေးထားတဲ့
ဖုန်းနံပါတ်ကိုသာ ဆက်လိုက်ပါ။ အခုလောလောဆယ်မှာ မေးခွန်းတွေကို ဖြေပေးဖို့လေ့ကျင့်ထားတဲ့
ကျွမ်းကျင်သူ နှစ်ယောက်က အကူအညီပေးပါလိမ့်မယ်။ မင်းနာမည်ကို ပြောစရာမလိုဘဲ
အမေးအဖြေပြုလုပ်နိုင်မှာပါ။ အသေးစိတ်အချက်အလက်တွေကို တစ်ဖက်မှာရေးထားတယ်။
ဖတ်ကြည့်လိုက်ပါကွာ။
မင်းရဲ့သူငယ်ချင်း
လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်
၂၄၉၊ သိမ်ဖြူလမ်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း(အပေါ်ဆုံးထပ်)
ပုံမမြင်ရလျှင် double click နဲ့ ကြည့်နိုင်ပါသည်။