ကမ္ဘာပေါ်မှာ linux platform များကို ထုတ်လုပ်နေသော နာမည်ကြီး vendor
တစ်ခုဖြစ်သည့် ubuntu သည် ယခုအခါ online music ၀န်ဆောင်မှုကိုပါ
ထပ်မံတိုးချဲ့လိုက်ပြီဖြစ်သည်။
ယခင် Apple ၏ itunes music store က စတင် ၀န်ဆောင်မှုပေးပြီး များမကြာမီတွင်
ထွက်ပေါ်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အခမဲ့ 20GB ကို စတင်ပေးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း တွင် တစ်လကို ၃ ဒသမ ၉၉ ဒေါ်လာဖြင့် အသုံးပြုရမည်ဖြစ်ပြီး android, iphone နှင့် အခြားသော smart phone များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ubuntu သည် top 10 Linux Distribution ၏ ပထမနေရာတွင် နှစ်အတန်ကြာနေရာယူထားနိုင်ခဲ့ပြီး plugins များနှင့် ထပ်တိုးပစ္စည်းအပေါ်များဆုံး distribution တစ်ခုလည်းဖြစ်သည်။ သို့အတွက်ကြောင့် Online music store ဖြစ်သည့် ubuntu one ကို အသက်သွင်းခြင်းသည် ubuntu ၏ နောက်ထပ် အဆင့်တိုးမြင့်မှုတစ်ခုဖြစ်နိုင် မဖြစ်နိုင်၊ သို့တည်းမဟုတ် အခြားသော distro များနှင့် ပေါင်းစည်းမည်လော ဆိုသည်မှာ စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါသည်။
source: http://www.lwinmaungmaung.com