ဒေါင်းလို့ရတဲ့ဆော့ဝဲလ်ကို အရင်ဆုံး Desktop ပေါ်မှာတင်လိုက်ပါ။
Terminal box ကျလာလိမ့်မယ်။ပြီးသွားရင်
Terminal ဒီcommand လေးတွေရိုက်ထည့်ပါ။
sudo -s
ရိုက်လိုက်လျှင် password တောင်းပါမယ် ကိုယ့် password ရိုက်ပေးလိုက်ပါ။
မှတ်ချက် blank ပေါ်နေလည်းကိစ္စမရှိပါ ဆက်ရိုက်ပါ။ keyboard ပျက်လို့မပာုတ်ပါ။
cd Desktop
Desktop ထဲကိုဝင်ပါမယ်။
tar xzf zawgyi-keyboard-ubuntu.tar.gz
tar.gz ကို ဖြည်ပါမယ်။ ဒါဆိုရင် Zawgyi ဆိုတဲ့ဖိုဒါလေး Desktop မှာထွက်လာပါလိမ့်မယ်။
ဒီနေရာမှာသတိထားစေချင်တာက ဖွန့်က zawgyi-keyboard-ubuntu.tar.gz ဖြစ်လို့ ဒီနံမည်ထည့်ထားတာပါ။ rename ပြောင်းပြီး လွယ်ကူတဲ့ name ကိုအစားထိုးမည်ဆိုလည်းရပါတယ်။
cd zawgyi
zawgyi ထဲကိုဝင်ပါမယ်။
Install zawgyi keyboard
sudo sh install.sh
အင်စတော လုပ်ပါမယ်။ 1 နိုပ်ပေးလိုက်ပါ
Install complete ဆိုရင် အားလုံးပြီးသွားပါပြီ။
font ကို setting change ဖို့အပိုင်းပဲကျန်တော့ပါတယ်။
အပေါင်းပုံစံလေးကို နိုပ်လိုက်ပြီး burmese ကို ရွေးပေးပါ။ ပြီးရင် option ကို နိုပ်ပါ။
Alt+Shift ကိုအမှတ်ခြစ်ပေးပါ။ ဒီသဘောက font ပြောင်းရင် ဘယ်ခလုတ်နဲ့ပြောင်းမလဲဆိုတာကို
ပြောတာပါ။ ကြိုက်တာရွေးလို့ရပါတယ်။ အောက်က gedit (notepad) ထဲမှာ မြန်မာဖွန့်ကို ချိန်းချင်ရင်
Alt+Shift နိုပ်လိုက်ပါ။ ဒါဆိုရင် မြန်မာ font သုံးလို့ရပါပြီ ခင်ဗျာ။
mmfont ကိုတော့ အောက်မှာပေးထားပါတယ်။
author : ကိုစန်းပွင့်သူ
ဒေါင်းရန်
ဆော့ဝဲလ်
internet access မရှိသူများအတွက်
စာအုပ်

keyboard က win ခလုတ်လေးကို နိုပ်လိုက်ပြီး keyborad လိုစာရိုက်ထည့်လိုက်ပါ
ပုံပေါ်လာလျှင် keyboard layout ကို နိုပ်လိုက်ပါ။